ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ဖုံးထားတဲ့ အရေပြားကို ထိတွေ့မှု

ခန္ဓာကိုယ်လှုပ်ရှားသမျှ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း အချင်းချင်း ထိတွေ့မှုတွေ၊

အပြင်က အရာဝတ္ထုတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ထိတွေ့မှုတွေ၊

ပစ္စည်းခြောက်ခုကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံခြောက်ပါးနဲ့ သက်ဆိုင်ရာ အချင်းချင်း ထိတွေ့မှုတွေ၊

ခန္ဓာကိုယ်နဲ့ မသက်ဆိုင်ဘဲ စိက်ကို လာထိတဲ့ ထိတွေ့မှုတွေ အားလုံးဟာ

သူ့ဆိုင်ရာ ဆိုင်ရာ ထိတွေ့မှုနဲ့သူ ထိတွေ့နေကြတယ်။ အဆက်မပြတ် ထိတွေ့နေတယ်။

ပတ်သက်ရာ ထိတွေ့မှု အလုပ်တွေကို သူ့ဟာသူ လုပ်နေကြတယ်။

ခန္ဓာကိုယ်အရေပြားကို လာပြီး ထိတွေ့တဲ့ ကြမ်းတမ်းခြင်း၊ နူးညံ့ခြင်း၊ ပူခြင်း၊ အေးခြင်း၊ မာခြင်း၊ ပျော့ခြင်း စတာတွေဟာ ခန္ဓာကိုယ်ထဲက ကာယပသာဒရဲ့ တွေ့ထိရာဌာန ကိုယ်ရုပ်ရဲ့ အလုပ်ပဲ။

ထိတွေ့တဲ့အာရုံကို ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေက ခံစားမိသူရဲ့ သတ်မှတ်ချက်ပဲ။

ခံစားတဲ့စိတ်၊ မှတ်သားတဲ့စိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းတဲ့ စိတ်တွေကတော့

ဝင်လာတဲ့အာရုံဆီကို စုပြုံရောက်လာပြီး

သူတို့လုပ်ရမယ့် အလုပ်ကို

တစ်ခုပြီး တစ်ခု သူတို့ဘာသာ သူတို့လုပ်နေကျအတိုင်း လုပ်ကြတယ်။

ငါလုပ်ပေးနေရတယ်ဆိုတာ ဘယ်နေရာမှာမှ မရှိဘူး။

ဘယ်နေရာမှာ တာဝန်ယူပေးလိုက်ရတာ ရှိလို့လဲ?

ငါဆိုတဲ့နာမည်တပ်ပြီး ဇွတ်ကြီး စည်းမရှိ ကမ်းမရှိ ငြိတွယ် စွဲလမ်းနေတာပဲ ဖြစ်မယ်။

အာရုံနဲ့စိတ်၊ စိတ်ချင်းထိတွေ့ပြီး ပြဿနာတက်နေတာကို သိပေးရမယ့် ကိစ္စမှာ မသိမှုက မသိတာပဲ ဖြစ်တယ်။

အဲဒီမသိမှုဟာ ……….

မိမိစိတ်ကို ဒုက္ခအကြိမ်ကြိမ် ဖြစ်စေတယ်။

စိတ်ကိုမှီပြီး ရပ်တည်နေရတဲ့ ခန္ဓာကိုယ်နဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုပါ ယိုယွင်းပျက်စီးစေကုန်တယ်။

ခန္ဓာကိုယ် ပျက်စီးတော့ ရုပ်ခန္ဓာကို မှီနေတဲ့ စိတ်ကပါ ပြောင်းလဲကျဆင်းကုန်တယ်။

မှတ်ချက် - ထိတွေ့ခြင်းကိစ္စတွေမှာ ခန္ဓာကိုယ်အရေပြားကို လာထိတဲ့ အထိအတွေ့နဲ့ အာရုံကို လာထိတဲ့

အထိအတွေ့ ဘယ်လိုကွဲပြား ခြားနားနေလဲ သိကြည့်ပါ။